၁၀ ဇူလိုင်
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးမှုကြောင့် လူပေါင်း ၆၂၀ဝ၀ ဘေးအန္တရာယ် ကျရောက်နေကြောင်း အိန္ဒိယ တရားဝင်ရုပ်သံဌာန All India Radio (AIR) က အင်္ဂါနေ့က ပြောကြားခဲ့သည်။
အစိုးရတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွင့်ရာတွင် ရေကြီးမှု ဖြစ်ပွားနေသော ခရိုင်ရှစ်ခုရှိကြောင်း ထုတ်လွင့်ခဲ့သော်လည်း ယခုအချိန်ထိ မည်သူမှ ဒဏ်ရာရရှိခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
အာသံပြည်နယ်အတွင်းရှိ ခရိုင်ရှစ်ခုတွင် လက်ရှိတွင် ရေများမြင့်တက်လျက်ရှိပြီး လူပေါင်း ၆၂၀ဝ၀ ကျော် ဘေးအန္တရာယ်ကျရောက်နေကြောင်း အေအာအိုင်က ပြောကြားခဲ့သည်။ Dhemaji ခရိုင် Jonai အနီးပတ်ဝန်းကျင်ဒေသများတွင် လူပေါင်း ၂၃၀ဝ၀ ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း သိရသည်။
လက်ရှိ ရေလွှမ်းမိုးရာဒေသများတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
ရေလွှမ်းမိုးမှုများကြောင့် ဒေသအများအပြားတွင် ဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း အဆိုပါ သတင်းဌာနက ထုတ်ပြန်ထားသည်။
လာခင်ပူခရိုင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အာဏာပိုင်များက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့သည်။
မုတ်သုန်ရာသီအတွင်း အာသံပြည်နယ်တွင် ရေကြီးမှုများမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မေဇော်ထက်