၁၈ ဧပြီ

 

အိန္ဒိယနိုင်ငံ၏ ၁၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ယနေ့ကြာသပတေးနေ့ မနက်စောပိုင်းတွင် ဒုတိယအဆင့် စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

 

ပါလီမန်မဲဆန္ဒနယ် ၉၅ ခုတွင် မနက် ၇နာရီ မှစတင်ကာ မဲပေးနေကြပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၁၆၀ဝ ၏ ကံကြမ္မာသည် ယနေ့မဲပေးအဆင့်ဖြစ်သော အီလက်ထရွန်နစ်မဲပေးစက်များဖြင့် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းနှင့် ထိုနေ့အတွင်း  မဲပေးခွင့်ရှိသူ ၁၅၇ သန်းရှိကြောင်း သိရသည်။

 

ဝန်ကြီးချုပ် နာရိန္ဒရာမိုဒီ ဦးဆောင်သောလက်ရှိ အစိုးရအဖွဲ့ဝန်ကြီးလေးဦး နှင့် ဝန်ကြီးချုပ်ဟောင်း အိတ်ချ်ဒီ ဒီဗီဂိုဝဒါ တို့သည် အဆိုပါ ရွေးကောက်ပွဲတွင် အပြန်အလှန် စကားစစ်ထိုးနေကြကြောင်း ဖော်ပြထားသည်။

 

အောက်လွှတ်တော်မဲဆန္ဒနယ် ၅၄၃ ခုတွင် အထွေထွေရွေးကောက်ပွဲကို အဆင့် ခုနစ်ဆင့် ပြုလုပ်ကျင်းပရန် ဖြစ်ကြောင်း ၊ ပထမအဆင့် ကို ဧပြီ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း နှင့် နောက်ဆုံးအဆင့်ကို မေလ ၁၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး မဲရလဒ်များကို မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။

 

ဘာသာပြန်- မြင့်မြင့်ချို

ကိုးကား - ဆင်ဟွာ