ဇူလိုင် ၁၀
အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်တွင် ယမန်နေ့က လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်သည် လေ့ကျင့်ပျံသန်းမှုပြုလုပ်နေချိန်တွင် ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် အိန္ဒိယလေတပ်၏ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယလေတပ်က အတည်ပြုပြောကြားသည်။
အဆိုပါလေ့ကျင့်ရေးလေယာဉ်သည် ရာဂျက်စ်သန်ပြည်နယ် ခြူရူခရိုင်တွင် လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းလေယာဉ်ပျက်ကျမှုတွင် အရပ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုပစ္စည်းတစ်စုံတစ်ရာမျှပျက်စီးဆုံးရှုံးမှုမရှိကြောင်း အိန္ဒိယလေတပ်က ပြောကြားသည်။
ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းထားကြောင်း လေတပ်က ထပ်လောင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို