အိန္ဒိယမြောက်ပိုင်း အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူ ၇ ဦးအထိ ရှိလာ

၁၅ ဇူလိုင်

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် တနင်္ဂနွေနေ့က အဆောက်အဦပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက်မှာ ခုနှစ်ဦးထိ မြင့်တက်လာခဲ့သည်။ 

 

j2

 

သေဆုံးသူများမှာ အိန္ဒိယတပ်မတော်မှ တပ်ဖွဲ့ဝင်ခြောက်ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရပ်ကွက်များက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ 

 

j3

 

အဆိုပါ မတော်တဆမှုသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်ရာ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ် ဆိုလန်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  လူပေါင်း ၄၅ဦးသည်  တနင်္ဂနွေနေ့တွင် နေ့လယ်စာ စားနေစဉ် အဆိုပါ အဆောက်အဦ ပြိုကျခဲ့ခြင်း ဖြစ်သည်။
 
ယခုအချိန်အထိ လူပေါင်း ၃၅ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း ခုနှစ်ဦးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီလုပ်ဆောင်လျက်ရှိပြီး သေဆုံးသူများမှာ အိန္ဒိယတပ်မတော်မှ တပ်ဖွဲ့ဝင်ခြောက်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။ 

ဒဏ်ရာရရှိသူများကို ဒေသန္တရ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသူများကို သက်ဆိုင်ရာ မိသားစုများထံ လွှဲပြောင်းပေးအပ်ရန် လုပ်ဆောင်နေကြောင်း ၄င်းဆိုသည်။

ပြီးခဲ့သည့် ရက်များအတွင်းက ပြင်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် အဆောက်အဦပြိုကျခြင်းဖြစ်သည်ဟု ကနဦးအစီရင်ခံစာများအရ သိရသည်။ 

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-မေဇော်ထက်