အိန္ဒိယမြောက်ပိုင်း၌ ခရီးသည်တင်ယာဉ် မြောင်းထဲထိုးကျရာ လူ ၂၇ ဦး သေဆုံး

၈ ဇူလိုင်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်၌  ယနေ့နံနက်ပိုင်းက ဘတ်စ်ကားတစ်စင်း ရေမြောင်းအတွင်း ထိုးကျခဲ့ရာ  ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၂၇ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရက အတည်ပြုပြောကြားခဲ့သည်။

 

2

 

အဆိုပါ ဘတ်စ်ကားသည် အူတာပရာဒက်ရှ်ပြည်နယ် မြို့တော်လတ်ခနောင်းမှ ဒေလီဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း သတင်းများအရ သိရသည်။ 

အဆိုပါ မတော်တဆမှုမှာ ယနေ့နံနက်ပိုင်းက အက္ကရာမြို့တော်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အက္ကရာခရိုင်တရားသူကြီးက ပြောကြားခဲ့သည်။ 

အဆိုပါ ဘတ်စ်ကားသည် ပေ ၅၀ အနက်ရှိ မြောင်းအတွင်း ထိုးဆင်းခဲ့ကြောင်း ၄င်းကပြောကြားခဲ့သည်။ဒဏ်ရာရရှိသူ ၁၅ ဦးကို ဒေသန္တရ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၊ သေဆုံးသူ ၂၇ ဦး၏ ရုပ်လောင်းများကို အခင်းဖြစ်ပွားရာနေရာမှ ပြန်လည်သယ်ဆောင်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။ 

မတော်တဆဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်