၂၂ ဇူလိုင် 

 


အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာ ပရာဒက်ရှ် ပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီ အလွန်က မိုးကြိုးပစ်ခဲ့ခြင်းကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူ အမြောက်အမြားရှိကြောင်း ဒေသန္တရမီဒီယာက ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 


ကန်ပါ နှင့် ဖာတရှ်ပါ တို့တွင် နေထိုင်သူ ခုနှစ်ဦးစီပျောက်ဆုံးနေပြီး ဂျန်စီ တွင် ငါးဦး၊ ဂျာလွန်း တွင် လေးဦး၊ ဟာမာပါ တွင် သုံးဦး၊ ဂါဇီပါ တွင် နှစ်ဦး၊ ဂျောင်ပါ၊ ပရာတပ်ဂါရှ်၊ ကန်ပါ ဒီဟတ် နှင့် ချီထရာကွတ် တို့တွင် တစ်ဦးစီ ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

 


ထိုပြည်နယ်တွင် ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်းရှိကြောင်း သိရသည်။

 


အတ်တာ ပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ရိုဂီ အက်ဒီယာနက်ရှ် က ယင်းသေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ထိုမိသားစုအသီးသီးထံ အမေရိကန်ဒေါ်လာ ၅၇၁၄ ခန့် ထောက်ပံ့မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို