အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ လူဦးရေထောင်ပေါင်းများစွာ ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရ

နယူးဒေလီ   မေ   ၁၈

အိန္ဒိယနိုင်ငံ      အရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ လူဦးရေ ထောင်ပေါင်း များစွာသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ       ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု ဒဏ်များကို ခံစားခဲ့ရကြောင်း တာဝန်ရှိ သူများက မေ ၁၇ ရက်တွင် ပြောကြား သည်။

အာသံပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ ပြောကြားချက် အရ ရေကြီးရေလျှံမှုဒဏ်ကို ပြည်နယ် အတွင်းရှိ   ခရိုင်ပေါင်း ၂၀ မှ လူဦးရေ စုစုပေါင်း နှစ်သိန်းနီးပါး ခံစားခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုများကြောင့် ခရိုင်အများစုမှ ကျေးရွာစုစုပေါင်း ၆၅၂ ရွာထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူငါးဦးသေဆုံး ခဲ့ကြောင်း သိရသည်။ ရေကြီးရေလျှံမှု ကြောင့် စိုက်ပျိုးမြေများနှင့် အဆောက် အအုံများ ပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင် လမ်းပန်းဆက်သွယ်ရေးကိုလည်း ဆိုးရွား စွာထိခိုက်ခဲ့ကြောင်း   အာသံပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု     အာဏာပိုင် အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

စိုက်ပျိုးမြေစုစုပေါင်း    ၁၆၆၄၅ ဟက်တာ    ပျက်စီးမှုရှိခဲ့ကြောင်းလည်း တာဝန်ရှိသူများက     ပြောကြားသည်။ ထို့ပြင် လူဦးရေ ၃၃၀၀၀ နီးပါးသည်လည်း ကယ်ဆယ်ရေးစခန်း ၆၇ ခု တွင် ယာယီ နေထိုင်လျက်ရှိကြောင်း     သိရသည်။  အာသံပြည်နယ်သည်   မုတ်သုံရာသီ ကာလအတွင်း ရေကြီးရေလျှံမှုများ ပုံမှန် ဖြစ်ပွားလေ့ရှိကြောင်းလည်း သိရသည်။ 
                   
ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်