ဇန်နဝါရီ ၁၆

အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းတွင် မြူများထူထပ်နေပြီး သုံးရက်ကြာ အအေးလှိုင်းပိုမိုပြင်းထန်မှုနှင့်ပတ်သက်ပြီး မိုးလေဝသဌာနက ယမန်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါဒေသတွင် အနိမ့်ဆုံးအပူချိန်သည် ၁ မှ ၅ ဒီဂရီ ဆဲလ်စီးယပ်ရှိသည်ဟု ထိုမိုးလေဝသအေဂျင်စီက ဆိုသည်။

ဒေလီနှင့်အနီးဝန်းကျင်ပြည်နယ်များတွင် ယမန်နေ့မနက်ပိုင်းက အအေးပိုလာပြီး မြူများထူထပ်လျက်ရှိကြောင်း သိရသည်။

မြို့တော်မှထွက်ခွာပျံသန်းရန်စီစဉ်ထားသော လေကြောင်းခရီးစဉ်အချို့သည် မြူများထူထပ်မှုကြောင့် မြင်ကွင်းမရှင်းလင်း သဖြင့် ခရီးစဉ်နှောင့်နှေးခဲ့ရသည်ဟု ဖော်ပြထားသည်။

မီးရထားပြေးဆွဲမှုတွင် ရထားစီးရေ ၂၀ ထက်မနည်း  ပြေးဆွဲမှုနောက်ကျခဲ့ကြောင်း မီးရထားဌာနတာဝန်ရှိသူများက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို