ဇူလိုင် ၃
အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိန္ဒူဘာသာရေးပွဲတစ်ခုတွင် လူအုပ်စုပြုံတိုးမှုကြောင့် သေဆုံးသူ ၁၁၆ ဦး ရှိလာသည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ယမန်နေ့ကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆေးရုံအသီးသီးတွင် ၁၈ ဦး ကုသမှုခံယူလျက်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ဘာသာရေးခေါင်းဆောင်တစ်ဦး၏ဟောပြောချက်ကိုနားထောင်ရန် ပွဲကျင်းပရာနေရာအပြင်ဘက်တွင် လူပေါင်း ၁၀၀၀၀ ခန့် စုဝေးခဲ့ကြကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ ထိုလူအုပ်စုကြီးသည် ထွက်ပေါက်ဆီသို့ ဦးတည်သွားနေစဉ် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ ဘာသာရေးစုဝေးပွဲများ၌ လူအုပ်စုများပါဝင်သော အလားတူမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ ရှိသည်။
မဒရာပရာဒက်ရှ်ပြည်နယ်အလယ်ပိုင်းတွင် ၂၀၁၃ ခုနှစ်က ဘုရားကျောင်းသို့သွားရာတံတားပေါ်တွင် လူအုပ်ကြီး ပြုံတိုးမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို