နယူးဒေလီ ဖေဖော်ဝါရီ ၁၀
အိန္ဒိယလေကြောင်းပြပွဲ အေရို အင်ဒီးယား (၂၀၂၅) ကို အိန္ဒိယ နိုင်ငံတောင်ပိုင်း ဘန်ဂလောမြို့၌ ဖေဖော်ဝါရီ ၁၀ ရက်က စတင် ကျင်းပလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ လေကြောင်းပြပွဲကို ကာနက်တာကာပြည်နယ်၏ မြို့တော်ဘန်ဂလောရှိ ရေလာဟန်ကာ လေတပ်စခန်း၌ ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာ အာကာသနှင့် ကာကွယ်ရေးပစ္စည်းများဆိုင်ရာ ပြပွဲဖြစ်သည့် (၁၅) ကြိမ်မြောက် အိန္ဒိယလေကြောင်းပြပွဲကို အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နက်သ်ဆင်း တက် ရောက်ဖွင့်လှစ်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ငါးရက်တာ ကျင်းပမည့် အဆိုပါ အခမ်းအနားတွင် အစိုးရ ကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းခေါင်းဆောင်များ၊ လေတပ်အရာရှိများ၊ သိပ္ပံပညာရှင်များ၊ ကာကွယ်ရေးကဏ္ဍမှ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ကမ္ဘာတစ်ဝန်းမှ အခြားသော သက်ဆိုင်သူများ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ယင်းပြပွဲတွင် နိုင်ငံတကာကုမ္ပဏီ ၁၅၀ အပါအဝင် ပြခန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြသထားသည်။
ဆင်ဟွာ