အိန္ဒိယနိုင်ငံ ဒေလီတွင် မြူထူထပ်သိပ်သည်းမှုကြောင့် လေကြောင်းခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများ နှောင့်နှေး

၂၂ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံ မြို့တော်ဒေလီ အနီးတစ်ဝိုက်ဒေသများတွင် မြူများထူထပ်ကာ ဖုံးလွှမ်းနေသဖြင့် ယနေ့မနက်အစောပိုင်းက ဒေလီရှိ အင်ဒီရာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်း၊ ပြည်ပ လေကြောင်းခရီးစဉ် ၃၀ ကျော် နှောင့်နှေးမှု ဖြစ်ပွားခဲ့သည်။

 

ထို့အပြင် မြူမှုန်များဖုံးလွှမ်းကာ မြင်ကွင်းမရှင်းလင်းသဖြင့် မြို့တော်ဒေလီရှိ ရထားဘူတာများမှ ရထား ၂၂ စီး မှာလည်း ခရီးစဉ်နှောင့်နှေးမှု ဖြစ်ပွားခဲ့သည်။

 

8

 

မြူထူထပ်သိပ်သည်းမှုကြောင့် အခြားသော လေဆိပ်များမှ လေကြောင်းလိုင်းများလည်း ခရီးစဉ် နှောင့်နှေးခဲ့သည်ဟု ဖော်ပြထားသည်။

 

ဗာရာဏသီမြို့တွင် ရာသီဉတု ဆိုးရွားမှုကြောင့် ဆိုက်ရောက်၊ထွက်ခွာ လေကြောင်းလိုင်းအားလုံး၏ ခရီးစဉ်များ ထိခိုက်စေနိုင်သည်ဟု ပုဂ္ဂလိက လေကြောင်းလိုင်း စပိုက်ဂျတ် (SpiceJet) က တွစ်တာတွင် ယနေ့မနက်ပိုင်းက ရေးသားထားသည်။

 

5

 

လေကြောင်းလိုင်းများက ခရီးသည်များအား ၎င်းတို့၏ လေယာဉ်ခရီးစဉ်အခြေအနေကို ကြည့်ရှုစစ်ဆေးကြရန် မေတ္တာရပ်ခံထားသည်။

 

ဗာရာဏသီမြို့ သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း အတ်တာပရာဒေ့ရှ် ပြည်နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။

တောင်ကုန်းထူထပ်သော ဟီမာချယ် ပရာဒေ့ရှ် နှင့် အတ်တာအက်ဟန် ပြည်နယ်များရှိ နေရာတော်တော်များ နှင့် အိန္ဒိယထိန်းချုပ်ထားသော ကတ်ရှ်မီးယား ဒေသတွင်လည်း ဆီးနှင်းများကျခဲ့သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို