၆ ဩဂုတ်
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဆေးရုံ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ရှစ်ဦးထက်မနည်း သေဆုံးသွားခဲ့သည်ဟု ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက အတည်ပြု ပြောကြားခဲ့သည်။
ပြည်နယ်မြို့တော် အာမက်အဘက်ရှိ ရှရေးဆေးရုံတွင် ယနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုဆေးရုံကို ပိတ်ထားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁ ဦးကို အခြားဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့သည်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ထိုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
အာမက်အဘက်ရှိ ဆေးရုံ မီးလောင်ကျွမ်းမှုကြောင့် ဆုံးပါးသွားသူများအတွက် ကျန်ရစ်သူ မိသားစုများကို ၎င်းက ဝမ်းနည်းစကား ပြောကြားခဲ့သည်။ ဒဏ်ရာရသူများလည်း မကြာမီ ပြန်လည် ကောင်းမွန်လာပါစေဟု ဆုမွန်ကောင်း တောင်းကာ တွစ်တာတွင် ရေးသားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို