ဇန်နဝါရီ ၇
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းအာသံပြည်နယ်ရှိကျောက်မီးသွေးတွင်းတွင် မြေအောက်ရေစိမ့်ဝင်မှုဖြစ်ပွားပြီးနောက် တွင်းလုပ်သားကိုးဦးထက်မနည်းပိတ်မိနေပြီး ကယ်ဆယ်လုပ်ငန်းစတင်လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဒေသန္တရရဲအရာရှိတစ်ဦးက ယနေ့တွင် ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ဒီမာဟာဆာအိုခရိုင် Umrangso ဒေသတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုကျောက်မီးသွေးတွင်းအတွင်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပွားချိန်က တွင်းလုပ်သား ၁၅ ဦးထက်မနည်းရှိရာ ကျောက်မီးသွေးတွင်းအတွင်းပိုင်းတွင် ပိတ်မိနေသူအရေအတွက်ပိုမိုများပြားနိုင်ဖွယ်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို