၂၀ နိုဝင်ဘာ

 

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ယနေ့ နံနက်အစောပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ ကလေးငယ် ခြောက်ဉီး အပါအဝင် လူ ၁၄ဉီး သေဆုံးခဲ့ကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

ပါတာဂရပ်ခရိုင် အဝေးပြေး လမ်းမကြီးတွင် ရပ်နားထားသည့် ကုန်ကားအား အခြားမော်တော်ယာဉ် တစ်စီးနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

 

 

သေဆုံးသူ ၁၄ ဉီးမှာ မင်္ဂလာဆောင်မှ နေအိမ်သို့ ပြန်လာခဲ့သူများဖြစ်ကြောင်း ဒေသန္တရ မီဒီယာများက ပြောကြားခဲ့သည်။

 

 

မတော်တဆမှု ဖြစ်ပွားပြီးနောက် ဒေသန္တရရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသွားပြီး ထရပ်ကားမှ ပျက်စီးနေသော အစိတ်အပိုင်းများကို ဆွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။

 

 

သေဆုံးသူများ၏ ရုပ်လောင်းကို ရဲများက ထုတ်ယူရာတွင် အချိန်နှစ်နာရီပါးမျှ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

2