နယူးဒေလီ   နိုဝင်ဘာ   ၂၉

အိန္ဒိယနိုင်ငံ  မွမ်ဘိုင်းမြို့ရှိ  လူစည်ကားသောနေရာတစ်ခုတွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့်  နေအိမ်ငါးလုံး  ပြိုကျခဲ့ကြောင်း  တာဝန် ရှိသူများက ယနေ့ပြောကြားသည်။

မွမ်ဘိုင်းမြို့ ချမ်ဘားဆင်ခြေဖုံးရှိ ဂေါက်ကလပ်အနီးတွင်ဟင်းချက် ဓာတ်ငွေ့ဆလင်ဒါတစ်လုံး   ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း   အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဂက်စ်ပေါက်ကွဲမှုကြောင့် ချမ်ဘားဆင်ခြေဖုံး၏လမ်းကျဉ်း တစ်ခုအတွင်းရှိ နေအိမ်များကို ပြိုကျပျက်စီးစေခဲ့သည်။

အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၁၁ ဦးကို ဘေးလွတ်ရာသို့  ကယ်ဆယ်နိုင်ခဲ့ပြီး  ထိခိုက်ဒဏ်ရာရရှိသူလေးဦးကို  ဆေးရုံသို့ ပို့ဆောင်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။ ရုပ်မြင်သံကြား မှတ်တမ်းများတွင် ပြိုကျနေသော လှေကားများနှင့် လသာဆောင်များ ပါရှိသည့် ပျက်စီးနေသော အဆောက်အအုံများကို တွေ့မြင်နိုင်သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်