စက်တင်ဘာ ၈

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲမတိုင်မီကပင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ဖော်ပြထားသည်။

 

အဆိုပါထိပ်သီးအစည်းအဝေးပွဲကို စက်တင်ဘာ ၉ ရက်တွင် နှစ်ရက်ကြာကျင်းပသွားမည် ဖြစ်သည်။ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့်သူများသည် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းဝန်းကျင်တွင် နယူးဒေလီမြို့သို့ စတင်လာရောက်ကြဖွယ်ရှိသည်။

 

ထိုမြို့တွင် ရဲတပ်ဖွဲ့ဝင် ၈၀၀၀၀ ခန့် ဖြန့်ချထားသည်ဟု ဒေသတွင်းမီဒီယာက ဆိုသည်။ လေဆိပ်နှင့် ထိုမြို့အလယ်ပိုင်းဝန်းကျင်တွင် လုံခြုံရေးတင်းကျပ်ထားစွာချထားသည်။ ယာဉ်အသွားအလာကန့်သတ်ချက်များလည်း ချမှတ်ထားသည်။ ထင်ရှားသော ခရီးသွားများ ဆွဲဆောင်ရာ နေရာဖြစ်သော အိန္ဒိယဂိတ်အနီးဝန်းကျင်ကို ပိတ်ထားသည်ဟု သိရသည်။

 

အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီပုံပါသော ကြော်ငြာဘုတ်ကြီးကို ထိပ်သီးအစည်းအဝေးကျင်းပရာနေရာအဖြစ် အသုံးပြုမည့် ညီလာခံစင်တာအနီးတွင် ပြသထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို