အောက်တိုဘာ ၂၃
အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်များနှင့် အနောက်ဘန်ဂေါပြည်နယ်ရှိအာဏာပိုင်များက ကမ်းရိုးတန်း ဒေသများနှင့် ခရိုင်အချို့တွင် ဆိုင်ကလုန်းမုန်တိုင်းချဉ်းကပ်လာသဖြင့် အောက်တိုဘာ ၂၂ ရက်က အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၄ ရက်တွင် ပူရီမြို့နှင့် ဂန်ဂါဆာဂါကျေးရွာ အကြားတွင် ဝင်ရောက်တိုက်ခတ်ဖွယ်ရှိသည်ဟု သိရသည်။
ထိုဆိုင်ကလုန်းတိုက်ခတ်နိုင်သည့်ဒေသရှိပြည်သူများအတွက် ကယ်ဆယ်ရေးစင်တာများနှင့် ခိုလှုံရေး စခန်းများ အသင့်ရှိကြောင်း ဩရိဿပြည်နယ်အစိုးရအဖွဲ့က အောက်တိုဘာ ၂၂ ရက်က ပြောကြား သည်။ ကယ်ဆယ်ရေးစင်တာ ၂၅၀ ထက်မနည်း အသင့်ရှိပြီး စာသင်ကျောင်းများနှင့် ကောလိပ်များ အပါအဝင် ယာယီခိုလှုံရေးစခန်း ၅၀၀ ဖွင့်လှစ်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့တွင် အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲလာပြီး အောက်တိုဘာ ၂၄ ရက်တွင် ဩရိဿနှင့် အနောက်ဘင်္ဂလားကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ပြောကြား သည်။ ထိုဒေသတွင် အောက်တိုဘာ ၂၅ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိသည်ဟု ဖော်ပြ ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို