နယူးဒေလီ ဒီဇင်ဘာ   ၂၅

 

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း ရေကြီးမှုနှင့် မိုးရွာသွန်းမှုဆိုင်ရာ မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိတစ်ဦး က    ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

 

မကြုံစဖူး မိုးရွာသွန်းမှုကြောင့် ခရိုင်အများအပြား၌ ဆိုးရွားစွာထိခိုက်ခဲ့ပြီး မြေနိမ့်ပိုင်းဒေသများ ရေနစ်မြုပ်ကာ ကားလမ်းနှင့် ရထားလမ်း ဆက်သွယ်မှုကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ရေကြီးမှုဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးမြောက်အောင် ဆောင်ရွက်လျက်ရှိကြောင်း တမီလ်နာဒူးပြည်နယ်၏ အတွင်းရေးမှူးချုပ် ရှစ်ဒက်မီနာက ပြောကြားသည်။

 

ရေကြီးမှုကြောင့် လမ်းပေါင်း ၁၇၅ လမ်း ပျက်စီးသွားခဲ့ပြီး  ယင်းလမ်းများအနက် လမ်းတချို့မှာ ပြန်လည်ပြုပြင်ပြီးဖြစ် ကြောင်းနှင့် ကျန်ရှိသည့်လမ်းများကို  ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သည့် ရေပေးဝေမှုကိစ္စကဲ့သို့သော တခြားဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

 

ရေဘေးသင့် ဒေသများမှ လူပေါင်း ၅၀၀၀၀ နီးပါးကို လုံခြုံသောနေရာများသို့ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ရေကြီးမှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့ပြီး ရေနစ်မြုပ်မှုကြောင့် သီးနှံစိုက်ခင်း ဟက်တာ ၁၈၃၀၀၀ ပျက်စီးခဲ့ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်