စက်တင်ဘာ ၂၆

အိန္ဒိယနိုင်ငံအလယ်ပိုင်း ချတ်တစ်ဂတ်ရှ်ပြည်နယ်တွင် တနင်္လာနေ့က  မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခံရမှုကြောင့် ကလေးအရွယ်ကျောင်းသား ခြောက်ဦးအပါအဝင် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

အဆိုပါဖြစ်ရပ်သည် ရတ်ဂျ်နန်ဂါအွန်ပြည်နယ် ဂျော်ရာတာရိုင်ကျေးရွာရှိှ ကျောင်းသားငယ်လေးများ စာသင်ကျောင်းမှအပြန် မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချတ်တစ်ဂတ်ရှ်ပြည်နယ်သည် မိုးကြိုးပစ်မှုနှင့်ဆက်စပ်ပြီးသေဆုံးမှုများဖြစ်ပွားသည့် အိန္ဒိယနိုင်ငံရှိပြည်နယ်များအနက် ပြည်နယ်တစ်ခုဖြစ်သည်။ ယခုလအစောပိုင်းက ထိုပြည်နယ်ရှိ ဘာလိုဒါဘာဇာ-ဘာတာပါရာခရိုင်တွင် အလားတူဖြစ်ရပ်ဖြစ်ပွားခဲ့ရာ ခုနစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို