ဇူလိုင် ၂၄

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် နှစ်ဦးထက်မနည်းသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါဖြစ်ရပ်သည် မက်ဒရာပရာဒေ့ရှ်ပြည်နယ်မြို့တော် ဘိုပယ်၏အရှေ့မြောက်ပိုင်း ၂၄၇ ကီလိုမီတာအကွာ ချာတာပါခရိုင် ဘက်ရှ်ဝါဟာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပြည်နယ်တွင် ဇူလိုင် ၂၂ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု၊ မိုးသက်မုန်တိုင်းများတိုက်ခတ်မှုတို့နှင့်အတူ မိုးကြိုးပစ်မှုတို့ ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၂ ခုနှစ်က မုတ်သုံရာသီအတွင်း မိုးကြိုးပစ်မှုနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ၉၀၇ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို