အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိတူးမြောင်းအတွင်းသို့ခရီးသည်တင်ဘတ်စ်ကားထိုးကျမှုကြောင့် ၁၂ ဦးသေဆုံး

ဧပြီ ၁၀

အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်ရှိ ပေ ၅၀ နီးပါးနက်သောတူးမြောင်းအတွင်းသို့ ခရီးသည်တင်ဘတ်စ်ကား တစ်စီးထိုးကျမှုကြောင့် ၁၂ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲသားတစ်ဦးက အတည်ပြုပြောကြားသည်။ အဆိုပါမတော်တဆမှုသည် Durg ခရိုင်တွင် ယမန်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ညနေပိုင်းအလုပ်သိမ်းပြီးနောက် နေအိမ်သို့ပြန်လာနေသော စက်ရုံတစ်ခုမှ အလုပ်သမားများဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုဘတ်စ်ကားပေါ်တွင် လူ ၄၀ နီးပါးလိုက်ပါလာကြောင်းနှင့်၎င်းတို့အနက် လူအချို့မှာ ထိခိုက်ဒဏ်ရာရခြင်းမရှိပဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို