နယူးဒေလီ   နိုဝင်ဘာ    ၂

အိန္ဒိယနိုင်ငံအရှေ့ပိုင်း   ဘီဟာပြည်နယ်တွင် လှေတိမ်းမှောက် နစ်မြုပ်ခဲ့သောကြောင့်    နှစ်ဦးသေဆုံး ခဲ့ပြီး  ခုနစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း  အရာရှိများက နိုဝင်ဘာ ၂ ရက်က ပြောသည်။

ဘီဟာပြည်နယ်    မြို့တော် ပါ့တ်နာ  အနောက်မြောက်ဘက် ၈၅  ကီလိုမီတာအကွာ ဆာရမ် ဒေသ  မန်ဟီဧရိယာရှိ  ဆာယု မြစ်ထဲတွင် နိုဝင်ဘာ ၁ ရက် ညနေ ပိုင်းက  လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ လူ ၁၀ ဦး ရေကူးလွတ်မြောက်ခဲ့ကြောင်း   အရာရှိများက  ပြောသည်။

အဆိုပါ နစ်မြုပ်ခဲ့သောလှေပေါ်တွင်   ၁၉ ဦး  လိုက်ပါလာခဲ့ကြောင်း    နှစ်ဦးသေဆုံးပြီး  ခုနစ်ဦး ပျောက်ဆုံးနေကြောင်းနှင့်     ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေကြောင်း၊ လှေတိမ်းမှောက်မှုတွင် ၁၀ ဦး   အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း  တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှေနစ်မြုပ်ပြီးနောက် အာဏာပိုင်များက ကယ်ဆယ်ရေးသမားများနှင့်  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး     အရာရှိများကို ကယ်ဆယ်ရေးနှင့်   ရှာဖွေရေးလုပ်ငန်းများ  လုပ်ဆောင်ရန် အခင်း ဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။

ပျောက်ဆုံးနေသူများကို နိုဝင်ဘာ  ၁ ရက်  ညပိုင်းအထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိပြီး နိုဝင်ဘာ ၂   ရက်    နံနက်ပိုင်းတွင်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း    ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ လယ်သမားများဖြစ်ကြပြီး   နံနက်ပိုင်းတွင် လယ်တောထဲသွားပြီး ညနေခင်း အိမ်ပြန် လာချိန် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့က ပြောသည်။

လှေတိမ်းမှောက်မှုများသည် အိန္ဒိယတွင်ဖြစ်လေ့ရှိသည်။အထူးသဖြင့်   ကျေးလက်ဒေသများတွင်   ရိုးရာလက်လုပ်လှေများဖြင့် သွားလာလေ့ရှိသည်။   

ဆင်ဟွာ