၁၀ ဇွန်

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်းပြည်နယ်တွင် ဘတ်စ်ကားတစ်စင်းက သံမဏိချောင်းများ အပြည့်တင်ဆောင်ထားသည့် နောက်တွဲယာဉ်တစ်စင်းကို ဝင်ဆောင့်မိရာ အနည်းဆုံး လူကိုးဦးသေဆုံးပြီး၊ အခြားသူ ၂၄ဦး ဒဏ်ရာခဲ့ကြောင်း တနင်္လာနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ မတော်တဆမှုသည် ဂျေခန်းပြည်နယ်၏ မြို့တော် Hazaribagh ခရိုင်အတွင်းရှိ  Ranchi၏ ကီလိုမီတာ ၁၅၇ အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မတော်တဆမှုသည် ယနေ့နံနက်အစော ၃ နာရီ ၃၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက်အစောပိုင်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စင်းက ရပ်နားထားသော နောက်တွဲယာဉ်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ကနဦး ထုတ်ပြန်ချက်များအရ လူကိုးဦးမှာ သေဆုံးခဲ့ပြီး အခြားသူ ၂၄ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

ဒဏ်ရာရရှိသူများအနက် အချို့မှာ အခြေအနေ စိုးရိမ်နေရဆဲဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဘတ်စ်ကားမှာ ရန်ချီမှ ခရီးသည်များကိုတင်ဆောင်ကာ အိမ်နီးချင်း ဘီဟာပြည်နယ်ရှိ ဂါယာသို့ သွားရောက်နေခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

မတော်တဆမှုများ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း သို့သော်လည်း အဆိုပါ ယာဉ်မောင်းသည် အိပ်ငိုက်ခြင်းကြောင့် အဆိုပါ မတော်တဆမှု ဖြစ်ပွားရခြင်းဟု သံသယဖြစ်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်