နယူးဒေလီ၊ ဧပြီ ၂

 

အိန္ဒိယနိုင်ငံ၏  ကာကွယ်ရေးပစ္စည်းတင်ပို့မှုသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၃ မတ်အထိ) ကာလအတွင်း   တန်ဖိုးအားဖြင့် အိန္ဒိယရူပီး ၁၆၀ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၄ ဘီလီယံ) ရှိခဲ့ခြင်းကြောင့် သိသိသာသာ မြင့်တက်မှုရှိခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင်   ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

အိန္ဒိယနိုင်ငံ၏  ကာကွယ်ရေးပစ္စည်းတင်ပို့မှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက အိန္ဒိယ ရူပီး ဘီလီယံ ၃၀ ခန့် (အမေရိကန်ဒေါ်လာ ၃၆၅ သန်း) မြင့်တက်လာခဲ့ကြောင်းနှင့် ယင်းသို့မြင့်တက်မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နောက်ပိုင်း ၁၀ ဆ ကျော် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကာကွယ်ရေးပစ္စည်း ထုတ်ကုန်တင်ပို့လျက်ရှိသည့် လုပ်ငန်းပေါင်း ၁၀၀ ရှိပြီး နိုင်ငံပေါင်း ၈၅ နိုင်ငံထက်မနည်း ကာကွယ်ရေးပစ္စည်းများ တင်ပို့လျက်ရှိကြောင်း အိန္ဒိယကာကွယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်