နယူးဒေလီ ၂၈ သြဂုတ်

 

လေကြောင်းခရီးသွားလာမှု ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယနိုင်ငံဟာ ၎င်းတို့၏ ပထမဆုံး ဇီဝစွမ်းအင်သုံး လေယာဉ်စမ်းသပ်ပျံသန်းမှုကို တနင်္လာနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ထိုင်ခုံ ၇၂ ခုံပါဝင်တဲ့ လေယာဉ်တွင် ဇီဝလောင်စာ နှင့် လေရဟတ် စွမ်းအင်ကို ပေါင်းစပ် အသုံးပြုထားပြီး  စမ်းသပ်ပျံသန်းမှု အောင်မြင်ပါက အမေရိကန်နှင့်သြစတြေးလျကဲ့သို့ နိုင်ငံများမှ အဖွဲ့အစည်းများနှင့် ပေါင်းစပ်လုပ်ကိုင်သွားမည်ဖြစ်သည်။ 

 

 

စမ်းသပ်ပျံသန်းမှုတွင် အသုံးပြုသည့် ဇီဝလောင်စာကို ရေနံနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး အကြွင်းအကျန်များ၊ စားသုံး၍မရသည့် ဆီများ၊ စက်မှုလုပ်ငန်းများနှင့် စည်ပင်စွန့်ပစ်ပစ္စည်းများမှ ထုတ်ယူအသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။

 

စမ်းသပ်ပျံသန်းမှုတွင် ခရီးသည်များ လိုက်ပါသွားခြင်းမရှိဘဲ Spicejet လေကြောင်းလိုင်းမှ လေကြောင်းပျံသန်းရေး အရာရှိများသာ လိုက်ပါပျံသန်းခဲ့ခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ခဲ့ပါက လေယာဉ်မှူးများကို ကူညီနိုင်ရန် လေကြောင်း အင်ဂျင်နီယာများလည်း ပြေးလမ်းပေါ်တွင် အသင့်ရှိနေခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဗားဂျင်း လေကြောင်းလိုင်းပိုင် ဇီဝစွမ်းအင်သုံး လေယာဉ်ဟာ လန်ဒန်နဲ့ အမ်စတာဒမ်ကို ပြေးဆွဲဖူးပါတယ်။ 

 

SMZaw (MDN)
Source> Xinhua