နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၀
အိန္ဒိယနိုင်ငံ၏ တတိယမြောက် လမစ်ရှင် ချန်ဒရာယန်း - ၃ သည် အာကာသပတ်ဝန်းကျင်ရှိ ဂြိုဟ်တုစနစ်ခွဲများ၏ လုပ်ဆောင်နိုင်စွမ်းနှင့် လျှပ်စစ်သံလိုက်များနှင့် ပတ်သက်သည့် အဓိက စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားသည်။
အဆိုပါ စမ်းသပ်မှု အောင်မြင်ခြင်းကို ဂြိုဟ်တုစနစ်များဖြင့် အကောင်အထည်ဖော်ရာတွင် အဓိက မှတ်တိုင်တစ်ခုအဖြစ် အိန္ဒိယအာကာသ သုတေသနအဖွဲ့ (အိုင်အက်စ် အာရ်အို) က ဖော်ပြခဲ့သည်။
အိုင်အက်စ်အာရ်အို၏ အဆိုအရ ချန်ဒရာယန်း - ၃ သည် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အတွင်း အီလက်ထရွန်နစ် နှောင့်ယှက် မှု/ လျှပ်စစ်သံလိုက်ဆိုင်ရာ လိုက်ဖက်မှုဆိုင်ရာ စမ်းသပ်မှုများကို ဘန်ဂလိုမြို့ရှိ ယူအာရ် ရော ဂြိုဟ်တုစင်တာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
အိန္ဒိယနိုင်ငံက ချန်ဒရာ ယန်း - ၃ ကို ဇွန်လတွင် လွှတ်တင်ရန် စီစဉ်ထားသည်။
ဆင်ဟွာ