မွမ်ဘိုင်း   အောက်တိုဘာ   ၁၅

အိန္ဒိယနိုင်ငံသည် ၂၀၃၆ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲကို     အိမ်ရှင်အဖြစ်    လက်ခံကျင်းပရန် စိတ်ဝင်စားလျက်ရှိကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အတည်ပြုပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့်        အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အောက်တိုဘာ ၁၄ ရက် ညပိုင်းက မွမ်ဘိုင်းမြို့၌ ကျင်းပသည့် (၁၄၁)ကြိမ်မြောက် နိုင်ငံတကာအိုလံပစ် ကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီးချုပ်မိုဒီက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၉ ခုနှစ် နွေရာသီလူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် လေလံဆွဲရန်လည်း စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြား ခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံအား ၂၀၃၆ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲ     ကျင်းပခွင့်ရရှိရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအိုလံပစ်ကော်မတီ၏      ထောက်ခံမှုအပြည့်အဝရရှိလိမ့်မည်ဟုလည်း ယုံကြည်ထား ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီက အခိုင်အမာပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်