၁၁ မေ

ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့အောင် အသွားလာတွေ ပိတ်ဆို့ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးရထား ဆက်သွယ်ရေး ကွန်ယက်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ မနက်ဖြန် (အင်္ဂါနေ့) က စပြီး ရထားတွေ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ ၆၀,၀၀၀ နဲ့ သေဆုံးသူ ၂,၀၀၀ ကျော် ရှိကြောင်း သိရပါတယ်။

မြို့တော် နယူးဒေလီ ကနေ တခြားမြို့တွေဖြစ်တဲ့ မွန်ဘိုင်း၊ ဘန်ဂေါ နဲ့ ချန်နိုင်းမြို့ကိုသွားတဲ့ အသွားအပြန် ရထားခရီးစဉ် ၁၅ ခု အပါအဝင်  ခရီးစဉ်ပေါင်း ၃၀ ‌လောက် ကို မေ ၁၂ ရက်နေ့က စပြီး ပြန်လည် ပြေးဆွဲမှာဖြစ်ပါတယ်။

မေလဆန်းပိုင်း ကစပြီး အစိုးရက ခရီးသည် ၁,၂၀၀ ဦး တင်ဆောင်နိုင်တဲ့ အထူးရထား ၃၆၆ စင်း ပြေးဆွဲပေးနေပါတယ်။ အဲဒီခရီးစဉ်တွေဟာ  အသွားအလာ ပိတ်ဆို့မှုတွေကြောင့် သောင်တင်နေတဲ့ ရွေ့ပြောင်းလုပ်သားတွေနဲ့ ဆင်းရဲသားတွေကို သူတို့ကျေးရွာတွဆီ ပြန်လည်ရောက်ရှိရေးအတွက်  ကူညီနေတာဖြစ်ပါတယ်။

 

mdn

 

ရထားစီးမယ့်သူတိုင်း မျက်နှာမှာ ဖုံးအုပ်ထားရမှာ ဖြစ်ပြီး ကိုယ်အပူချိန် တိုင်းတာခြင်းတွေ လုပ်ဆောင်ပြီးမှ ဖျားနာမှုကင်းရှင်းသူသာ ရထားပေါ် တက်ရောက်ခွင့်ရမှာဖြစ်တယ်လို့ ရထားဝန်ကြီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရထားစနစ်မှာ တစ်နေ့လျှင် ခရီးသွား သန်း ၂၀ ကျော်ကို ဝန်ဆောင်မှု ပေးနေကြောင်း သိရပါတယ်။ ရထားသွားလာရေးကို မတ်လကုန်ပိုင်းက စပြီး ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံစေရန် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး လိုအပ်ရင် အသုံးပြုနိုင်ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကိုလည်း အသင့်ပြင်ဆင်ထားကြောင် ရထားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မေ ၁၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံက အသွားအလာ ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်ပါတယ်။

MDN

ကိုးကား-  AFP

 

mdn