အိန္ဒိယနိုင်ငံမှာ အကန့်အသတ်အချို့ကို ဖျက်သိမ်းပေမယ့် အသွားအလာပိတ်ဆို့မှု သီတင်းနှစ်ပတ် တိုးမြှင့်

၁ မေ

 

အိန္ဒိယနိုင်ငံမှာ အသွားအလာပိတ်ဆို့မှု (lockdown) ကာလကို သီတင်းနှစ်ပတ် တိုးမြှင့်လိုက်ကြောင်း ဒီနေ့ (သောကြာနေ့) မှာ အစိုးရက ကြေညာလိုက်ပါတယ်။ အသွားအလာ ပိတ်ဆို့မှုဆက်လက် ပြဌာန်းပေမယ့်  အချို့သော တားမြစ်မှုတွေကိုတော့ ဖျက်သိမ်းပေးကြောင်း သိရပါတယ်။

 

အသွားအလာပိတ်ဆို့မှုကို မတ်လကုန်ပိုင်းက စတင်ချမှတ်ခဲ့တာဖြစ်ပြီး သန်းချီတဲ့ လုပ်သားတွေမှာ ထိခိုက်မှုရှိသလို  အာရှရဲ့ တတိယအကြီးဆုံး စီးပွားလုပ်အပေါ် ထိခိုက်မှု အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။

 

လေကြောင်းနဲ့ ရထားခရီးစဉ်တွေဟာ ဆက်လက်ရပ်နားထားမှာဖြစ်ပြီး အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးသာ ခွင့်ပြုထားတဲ့အတွက် စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြဿနာအကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။

 

နိုင်ငံတွင်းက ရွှေ့ပြောင်းလုပ်သားသန်းချီပြီး ညတွင်းချင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး သူတို့ရဲ့ ကျေးရွာတွေဆီကို ရွှေ့ပြောင်းလုပ်သားတွေ ခြေလျင်ပြန်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

 

mdn

 

ဒါပေမယ့် အခုလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၅,၀၀၀ နဲ့ သေဆုံးသူ ၁,၁၅၃ ဦးသာ ရှိကြောင်း  ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နိုင်ငံတစ်ဝန်းမှာ အသွားအလာပိတ်ဆို့မှုကို ဆက်လက်လုပ်ဆောင်ပေမယ့် အချို့ဖြစ်ရပ်တွေအတွက် ချွင်းချက်အနေနဲ့ ထားထားကြောင်း သိရပါတယ်။ ဉပမာ ကျောင်း၊ စားသောက်ဆိုင် နဲ့ ဘုရားဝတ်ပြုတဲ့ နေရာတွေမှာ လူအများအပြား စုဝေးခွင့်ကို ပြုထားပါတယ်။

 

 

ဒါ့အပြင့် အစိုးရရဲ့ အရောင်နဲ့ခွဲခြားပြီး ကန့်သတ်ချက်တချို့ကို ဖျက်သိမ်းပေးထားကြောင်း သိရပါတယ်။ အနီရောင် သတ်မှတ်ထားတဲ့ နေရာကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်တဲ့ နေရာ၊ အစိမ်းရောင် သတ်မှတ်ထားတဲ့ နေရာကတော့ လွန်ခဲ့ ၂၁ ရက်အတွင်း ရောဂါပိုးကူးစက်ခံရမှု မရှိတဲ့နေရာ၊ လိမ္မော်ရောင်ကတော့ နယူဒေလီ၊ မွန်ဘိုင်း၊ ပူနီ၊ အာမက်ဒါဘတ်လို နေရာမျိုးတွေဖြစ်ပြီး အဲဒီဒေသတွေမှာတော့ တစ်အိမ်တက်တစ်အိမ်ဆင်း စောင့်ကြည့်ခြင်း၊ အရေးကြီးပစ္စည်း၊ ဝန်ဆောင်မှုများ နဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကလွဲပြီး လှုပ်ရှားမှု မရှိစေရလို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN
ကိုးကား - AFP

 

mdn