၁၇ ဇွန်
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၂၀၀၀ ကျော်အထိ ခုန်တက်လာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှိနေတဲ့ ဂျာမနီနိုင်ငံသားတွေကို ကိုယ့်လုံခြုံရေးအတွက် အိန္ဒိယနိုင်ငံကနေ အမြန်ထွက်ခွာဖို့ ဂျာမနီအစိုးရ ပြောဆိုနေသလို ပြင်သစ်နိုင်ငံကလည်း နယူးဒေလီမှာရှိနေတဲ့ သူ့နိုင်ငံသားတွေကို အိမ်အပြင်မထွက်ဖို့၊ ထွက်မယ်ဆိုရင် လေဆိပ်ကိုသွားပြီး ဉရောပကို ပြန်လာဖို့ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၉၀၃ ဦးရှိပြီး သေဆုံးသူအများအပြားဟာ မွမ်ဘိုင်းနဲ့ ဒေလီမှဖြစ်ကြောင်း သိရပါတယ်။
ဒေလီမှာ ၂၄ နာရီအတွင်း သေဆုံးသူ ၄၃၀ ဦးကျော်ရှိတဲ့အတွက် အခုဆိုရင် သေဆုံးသူ ၁,၈၀၀ ကျော်ရှိပြီး မွမ်ဘိုင်းမှာတော့ ၈၆၂ ဦး သေဆုံးတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၃,၁၆၅ ဦး ရှိသွားကြောင်း သိရပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေလီနဲ့ မွမ်ဘိုင်းမှာ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက်ကို ၉၃ ဦးနဲ့ ၅၅ ဦးလို့သာ ထုတ်ပြန်ထားပါတယ်။
လူဦးရေထူထပ်တဲ့ အဓိကမြို့ကြီးတွေနဲ့ တောင်ပိုင်းရှိ ချန်နိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဒဏ်ကို အဆိုးရွားဆုံးခံရပါတယ်။ ချန်နိုင်းဟာ လာမယ့်သောကြာနေ့မှစပြီး အသွားအလာပိတ်ဆို့ ကန့်သတ်သွားမယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ စတုတ္တမြောက် ဗိုင်းရပ်စ်ပိုးဒဏ် ခံရတဲ့နိုင်ငံဖြစ်ပြီး လူပေါင်း ၃၅၄,၀၀၀ ကျော်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အစိုးရကထုတ်ပြန်ထားပါတယ်။ ကျွမ်းကျင်ပညာရှင်တွေက အခုထုတ်ပြန်ထားတဲ့ ပမာဏထက် ပိုများနိုင်ကြောင်း ပြောဆိုနေပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာ လူပေါင်း ၅၅၀,၀၀၀ လောက်အထိ ရောဂါပိုးကူးစက်ခံရနိုင်ကြောင်း အစိုးရက သတိပေးထားပါတယ်။
MDN
ကိုးကား - AFP