၁၆ ဇန်နဝါရီ
အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကြီးတစ်ခု အနေ ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ်ကို ဒီနေ့(စနေနေ့) မှာ စတင်ကြောင်းသိရပါတယ်။
နိုင်ငံရဲ့ စီပွားရေး ပြန်လည် လည်ပတ်ရေးအတွက် လူပေါင်း ၁၅၀,၀၀၀ သေဆုံးတဲ့ ကပ်ရောဂါပိုးကို အဆုံးသတ်သွားရန် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်က မျှော်လင့်နေပါတယ်။
လမယ့် လအနည်းငယ်အတွင်း အိန္ဒိယလူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးဖြစ်တဲ့ သန်း ၃၀၀ သော လူတွေကို ကာကွယ်ဆေး ထိုးနှံသွားရေးကို ဦးတည်ဆောင်ရွက်နေတာဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ် စတင်တဲ့ ဒီနေ့မှာ လူပေါင်း ၃၀၀,၀၀၀ ကို ကာကွယ်ဆေး ထိုးနှံ ပေးဖို့ ပြင်ဆင်ထားပါတယ်။ ဒေသ ၇၀၀ အတွင်း က နေရာ ၃,၀၀၀ မှာ ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် စနစ်တကျ လေ့ကျင်ထားတဲ့ ဝန်ထမ်း ၁၅၀,၀၀၀ ပါဝင်မယ်လို့ သိရပါတယ်။
အိန္ဒိယ အစိုးရက ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်တစ်ခုလုံးကို ကာကွယ်ဆေးထိုးနှံရေး အက်ပလီကေးရှင်းကို အသုံးပြုပြီး ဒီဂျစ်စနစ်နဲ့ ပြုလုပ်သွားရန် ရည်မှန်းထားပါတယ်။
အိန္ဒိယ ဆေးကုမ္ပဏီSerum Institute ကနေ Oxford/AstraZeneca ထုတ်ကာကွယ်ဆေးအား တစ်ဆင့်ခံလိုင်စင်ယူပြီး Covishield အမည်နဲ့ ထုတ်လုပ်ထားပါတယ်။ အဲဒီဆေး အလုံးရေ ၁၁ သန်းကို ကနေဦးအနေနဲ့ မှာယူထားပြီး ဆေးတစ်လုံးကို ရူပီးငွေ ၂၀၀ (အမေရိကန်ဒေါ်လာ ၂.၇၄) တန်ဖိုးရှိကြောင်း သိရပါတယ်။ အိန္ဒိယ အစိုးရက ရူပီးငွေ ၂၀၆ တန်ဖိုး ရှိ Covaxinဆေး ၅.၅ သန်းကိုလည်း မှာယူထားတယ်လို့ ဆိုပါတယ်။
Covaxin ကာကွယ်ဆေးဟာ အိန္ဒိယဆေးကုမ္ပဏီ Bharat Biotech က ထုတ်လုပ်တာဖြစ်ပြီး အဲဒီဆေးစမ်းသပ်မှုမှာ နောက်ဆုံးအဆင့် မပြီးဆုံးသေးတဲ့အတွက် ဆရာဝန်တချို့က စိုးရိမ်မှုရှိနေ ပါတယ်။
တာဝန်ရှိသူတွေက နိုင်ငံသားတွေကို ကာကွယ်ဆေး နှစ်ကြိမ်ကို ၂၈ ရက်ခြားပြီး ထိုးပေးမှာဖြစ်ကြောင်း၊ ဒုတိယအကြိမ် ဆေးထိုးပြီး ၁၄ ရက်အကြာမှာ ဆေးအစွမ်းပြမှာဖြစ်ကြောင်း ပြောကြားပါတယ်။
အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁၈,၀၀၀ ပါဝင်တဲ့ ကာကွယ်ဆေးထိုးနှံရေးနဲ့ပတ်သတ်ပြီး သုတေသန လုပ်ဆောင်ရာတွင် ပါဝင်သူရဲ့ ၆၉ ရာခိုင်နှုန်းက ကာကွယ်ဆေးနဲ့ပတ်သတ်ပြီး သတင်းအမှားတွေ အွန်လိုင်းမှာ ပျံ့နှံ့အတွက် ကာကွယ်ဆေးကို အဆောတလျင် မထိုးလိုကြောင်း သဘောထားပေးထား ပါတယ်။
ကျန်းမာရေးဝန်ကြီးက ဆိုရှယ်မီဒီယာပေါ်ရှိ ကာကွယ်ဆေးနဲ့ပတ်သတ်တဲ့ သံသယတွေကို ဖြုတ်ချဖို့ ကြာသပတေးနေ့က လုပ်ဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဟာ အမျိုးသား နဲ့အမျိုးသမီးတွေအတွက် သားဖွားရေးမှာ ထိခိုက်မှုရှိတယ်ဆိုတဲ့ သိပ္ပံဆိုင်ရာ အချက်အလက် မရှိကြောင်း၊ သတင်းရင်းမြစ်မတိကျတဲ့ အချက်အလက်တွေကို နားမယောင်ရန် တွစ်တာမှာ ရေးသားထားပါတယ်။
MDN၊ ကိုးကား - AFP