နယူးဒေလီ  ၃၀  ဧပြီ

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ကာကွယ်ရေး စည်းမျဉ်းတစ်ခုဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် မနေရေးလိုက်နာတဲ့  မော်တော်ဆိုင်ကယ်ကို အသက် ၃၉ နှစ်အရွယ် အိန္ဒိယနိုင်ငံသား ပါသာရှားက တီထွင်လိုက်ကြောင်း သိရပါတယ်။

 

မော်တော်ဆိုင်ကယ်မှာ မောင်းသူနဲ့ နောက်က ထိုင်လိုက်သူကြားမှာ တစ်မီတာ အကွာအဝေး ရှိတာကို တွေ့ရပါတယ်။ ပါသာရှားက ဆိုင်းကပ်ဟောင်း တစ်စီးကို ဝယ်ပြီး အင်ဂျင်ကို ဖယ်ထုတ်လိုက်ပါတယ်။ အဲဒီနောက်  စက်ကို နှစ်ပိုင်းခွဲကာ ဝင်ရိုးအရှည် ၁ မီတာ နဲ့ ဆက်ပြီး ဆိုင်ကယ်ကို ပုံစံအသစ်နဲ့ ပြန်လည် တီထွင်လိုက်တာ ဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ တြိပူရ ပြည်နယ်က ပါသာရှားက အခုဆိုရင် အစိုးရက ထုတ်ပြန်ထားတဲ့ ဗိုင်းရပ်စ်မပျံ့ပွားရေး စည်းမျဉ်းကို လိုက်နာတယ်။ အသက် ၈ နှစ်အရွယ် သမီးကို တင်ပြီး အပြင်သွားလို့ရပြီ။ ဒီဆိုင်ကယ်ကို သမီး ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းကားနဲ့ မသွားစေချင်ဘူး။ ကျောင်းကားပေါ်မှာ လူကြပ်နေတာကြောင့် အခုလို တီထွင်လိုက်တာလို့ သတင်းဌာနတွေကို ပြောပါတယ်။

 

ပါသားရှားတီထွင်လိုက်တဲ့ ဆိုင်ကယ်ဟာ ဘက်ထရီကို သုံးပြီး မောင်းရကြောင်း၊ တစ်နာရီကို ကီလိုမီတာ ၄၀ မောင်းနှင်နိုင်ကြောင်း၊ ဘက်ထရီကို အားသွင်းရန် အချိန် သုံးနာရီကြာမြင့်ပေမယ့် မိုင် ၅၀ သွားနိုင်ကြောင်း၊ ဘက်ထရီအားသွင်းရန် ၁၀ ရူပီး (အမေရိကန်ဒေါ်လာ ၁၃ ဆင့်) သာ ကုန်ကျကြောင်း သိရပါတယ်။

 

ပါသားရှားဟာ တီဗီပြင်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

 

တြိပူရပြည်နယ်အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး ပျံ့ပွားချိန်မှာ ရောဂါပိုးကနေ တီထွင်မှုတစ်ခုကို ရရှိလိုက်နိုင်တာဖြစ်တယ်။ အဲဒီအတွက် ဂုဏ်ယူကြောင်း၊ ပါသားရှား တီထွင်ထားတဲ့ ဆိုင်ကယ်ဟာ အခုဆို လမ်းပေါ်မှာ သွားလာနေတဲ့အတွက် လူတွေကလည်း သတိပြုနေပြီ။ ဗိုင်းရပ်စ်ပိုးအတွက် ပိုပြီး သတိထားစရာဖြစ်လာကြောင်း လူတွေကို ပညာပေးရလည်း ရောက်ကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

MDN
ကိုးကား - AFP