၁၇ ဇူလိုင်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး ကူးစက်ခံသူ ၁ သန်းကျော်သွားကြောင်း တာဝန်ရှိသူတွေက ဒီနေ့ (သောကြာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် တားမြစ်မှုတွေကို ပြန်လည်ပြဌာန်းနေပြီး ထိန်းချုပ်နိုင်ရန် မျှော်လင့်နေပါတယ်။ သောကြာနေ့ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၅၀၀၀ နီးပါးရှိတဲ့အတွက် စုစုပေါင်း ၁၀၀၃၃၈၂ ဦးရှိပြီး သေဆုံးသူ ၆၈၇ ဦး ၂၄ နာရီအတွင်း သေဆုံးခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၂၅၆၀၂ ဦးရှိကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဟာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့ရာ ဗဟိုချက် ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ ကမ္ဘာ့ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။

ကမ္ဘာကြီးက အမေရိကန်နိုင်ငံနဲ့ တောင်အမေရိက ကို အာရုံစူးစိုက်နေချိန်မှာ တောင်အာရှဟာ လူသားတွေရဲ့ ပူဆွေးစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ပေါ်ပေါက်လာကြောင်းနဲ့ တောင်အာရှမှ ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု သတိပေးခေါင်းလောင်းထိုးလာကြောင်း နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ဆက်လက်ပြောကြားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၅၇၉၁၄ ဦးနဲ့ သေဆုံးသူ ၅၄၂၆ ဦးရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကပ်ရောဂါပိုးကူးစက်ခံရသူ ၁၉၆၃၂၃ ဦးနဲ့ သေဆုံးသူ ၂၄၉၆ ဦးရှိကြောင်း ဇူလိုင် ၁၇ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP

108146056_717778912369471_6391913792660745563_n107866419_332742691078347_8615579756460250204_n107779170_411895673063053_13361585995266604_n