၁၉ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိကြောင်း ဒီနေ့ (စနေနေ့) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၅,၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ရာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၀,၀၀၄,၈၂၅ ဦးရှိကြောင်း၊ သေဆုံးသူ စုစုပေါင်း ၁၄၅,၁၃၆ ဦးရှိကြောင်း သိရပါတယ်။

 

လူဦးရေ ၁ ဒသမ ၃ သန်းနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ စက်တင်ဘာလအတွင်း နေ့စဉ်ပိုးတွေ့ရှိသူဟာ ၁၀၀,၀၀၀ နီးပါးရှိနေပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ အိန္ဒိယရဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံသာ ရှိပေမယ့် လက်တလော သီတင်းပတ်တွေမှာ ပိုးတွေ့ရှိသူ ၂၀၀,၀၀၀ ကျော်ရှိနေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပိုးတွေ့နှုန်းဟာ အိန္ဒိယနိုင်ငံထက်  ဆယ်ဆကျော် များနေတာ ကိုတွေ့ရပါတယ်။ အိန္ဒိယရဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ အမေရိကန်ရဲ့ သေဆုံးသူ ပမာဏထက် တစ်ဝက်တောင် မရှိတာကို တွေ့ရပါတယ်။

 

mdn

 

နယူးဒေလီမြို့ခံတစ်ဦးက လူတွေက ရောဂါပိုးကူးစက်မှာကို စိုးရိမ်ပေမယ့် နေအိမ်အပြင်ထွက်ခြင်း အကာအကွယ်တွေ ပိုမိုလုပ်ဆောင်တာကို တွေ့ရကြောင်း၊ မျက်နှာဖုံးဝတ်ပြီး အပြင်ထွက်ခြင်း၊ လူစုလူဝေးကို ရှောင်ကြဉ်ကြောင်း နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးက အပြင်မှာရှိနေသေးတဲ့အတွက် အပြင်ထွက်ဖို့ မကြောက်တော့ တာတော့ မဟုတ်ကြောင်း ပြောပါတယ်။

 

အိန္ဒိယအစိုးရက ဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို လာမယ့်နှစ်မှာ စတင်ထိုးနှံပေးဖို့ ရည်မှန်းထားပါတယ်။ ဦးစားပေးအနေနဲ့ ကျန်းမာရေးလုပ်သားတွေနဲ့ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ တခြားသော ဝန်ထမ်းတွေ အပါဝင် လူ သန်း ၃၀၀ ကို  ထိုးနှံပေးရေး ရည်ရွယ်ထားပါတယ်။

 

အိန္ဒိယအစိုးရထံကို AstraZeneca အပါအဝင် ကာကွယ်ဆေးထုတ်တဲ့ ဆေးကုမ္ပဏီတွေက သုံးစွဲခွင့်လျှောက်ထားကြောင်း သိရပေမယ့် အစိုးရက ဘယ်ကာကွယ်ဆေးကိုမှ အရေးပေါ်သုံးစွဲခွင့် မပြုသေးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP