နိုဝင်ဘာ ၁
အိန္ဒိယနိုင်ငံမြို့တော်ဒေလီတွင် အောက်တိုဘာလ ၁ ရက်မှ ၂၆ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၃၈ ဦး တွေ့ရှိကြောင်း ဒေသန္တရမီဒီယာကဒေလီစည်ပင်သာယာရေးအဖွဲ့(MCD)၏သတင်းထုတ်ပြန်ချက်ကို ကိုးကားဖော်ပြ ထားသည်။
ထိုမြို့တော်၌ အောက်တိုဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုနှစ်အတွင်းဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုပေါင်း၏ထက်ဝက်ကျော်ရှိကြောင်း သိရသည်။
မြို့တော်ဒေလီတွင် ထိုရောဂါဖြစ်ပွားမှုသည် အောက်တိုဘာ ၁၉ ရက်နေ့အထိ ၁၈၇၆ ဦးရှိပြီး ယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားသူ ၂၁၇၅ ဦးအထိ ရှိလာသည်ဟု အမ်စီဒီက ပြောကြားသည်။
အဆိုပါမြို့တော်တွင် ဇန်နဝါရီလက ၂၃ ဦး၊ ဖေဖော်ဝါရီလက ၁၆ ဦး၊ မတ်လက ၂၂ ဦး၊ ဧပြီလက ၂၀၊ မေလက ၃၀၊ ဇွန်လက ၃၂ ဦး၊ ဇူလိုင်လက ၂၆ ဦး၊ ဩဂုတ်လက ၇၅ ဦးနှင့် စက်တင်ဘာလက ၆၉၃ ဦး ထိုရောဂါဖြစ်ပွားခဲ့ကြောင်း အမ်စီဒီ၏ပြောကြားချက်အရ သိရသည်။
ဒေလီတွင် လွန်ခဲ့သောနှစ်က ထိုရောဂါဖြစ်ပွားသူ ၉၆၁၃ ဦးရှိပြီး ထိုရောဂါနှင့်ဆက်စပ်သေဆုံးသူ ၂၃ ဦးရှိကြောင်း သိရသည်။ ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူမရှိသေးဟု အမ်စီဒီက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို