နယူးဒေလီ၊ ဇန်နဝါရီ ၈

 

အိန္ဒိယနိုင်ငံ မြို့တော်နယ်မြေရှိ စာသင်ကျောင်းများတွင် မူလတန်းများအတွက် ဆောင်းရာသီပိတ်ရက်ကို ဇန်နဝါရီ ၁၂ ရက်အထိ ရက်တိုးလိုက်ကြောင်း ဒေလီမြို့တော် အစိုးရအဖွဲ့က ကြေညာခဲ့သည်။

 

ချမ်းအေးသည့် ရာသီဥတုကြောင့် မူလတန်းများကို ကျောင်းပိတ်ရက် တိုးလိုက်ရခြင်း ဖြစ်ကြောင်း အရာရှိများက ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။ ပြင်းထန်သည့် အအေးဒဏ်ကြောင့် ဒေလီမြို့ရှိ စာသင်ကျောင်းများတွင် မူကြိုမှ ငါးတန်းအရွယ်အထိ ကလေးများကို နောက်ထပ်ငါးရက် ကျောင်းပိတ်ပေးထားမည်ဟု ဒေလီမြို့ ပညာရေးဝန်ကြီး အာတစ်ရှီက လူမှု ကွန်ရက်မီဒီယာပေါ်တွင် ကြေညာခဲ့သည်။

 

ဒေလီအပါအဝင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် အအေးလှိုင်းနှင့် ရင်ဆိုင်နေရသည်။ မိုးလေဝသဌာန အသီးသီးရှိ အနိမ့်ဆုံးအပူချိန်သည် ယခုနှစ်အတွက် ပုံမှန်အပူချိန်မှ တဖြည်းဖြည်း သွေဖည်သွားသည်ကို တွေ့ရသည်။

 

ထိုစဉ် ရာသီဥတုနှင့် ဆက်နွှယ်သည့် အခြေအနေများကြောင့် ဒေလီသို့သွားသည့် ရထား ၂၂တွဲမှာ ခြောက်နာရီကြာ အချိန်နှောင့်နှေးခဲ့ရသည်ဟု သိရသည်။  

 

ဆင်ဟွာ