နိုဝင်ဘာ ၂၃

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၅၇၉ ဦးရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၄၅၂၆၄၈၀ ရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

တစ်ရက်အတွင်း ရောဂါကူးစက်မှုအရေအတွက်သည် ရက်ပေါင်း ၅၄၃ ရက်အတွင်း ကူးစက်မှုအနည်းဆုံး ဖြစ်သည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၃၆ ဦး သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၄၆၆၁၄၇ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၁၁၃၅၈၄ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၃၃၉၄၆၇၄၉ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို