ဖေဖော်ဝါရီ ၆
အိန္ဒိယနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း ရာသီဉတုဆိုးရွားမှုကြောင့် လေကြောင်းခရီးစဉ် ၃၂၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး နည်းပညာဆိုင်ရာအကြောင်းတရားများကြောင့် အခြားလေကြောင်းခရီးစဉ် ၂၁၀၀ ကျော်ဖျက်သိမ်းခဲ့ရကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။
အာဏာပိုင်များက ရာသီဉတုဆိုးရွားနေစဉ်အတွင်း အထူးသဖြင့် မြူနှင်းများထူထပ်စွာကျဆင်းနေစဉ်အတွင်း လေကြောင်းခရီးစဉ်များ အစဉ်ပြေချောမွေ့စေရန်အတွက် လွန်ခဲ့သောသီတင်းပတ်က မြို့တော်ဒေလီရှိ အင်ဒရာဂန္ဒီနိုင်ငံတကာလေဆိပ်၌ ဒုတိယမြောက်လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းသို့လုပ်ဆောင်ပေးခြင်းသည် ဆောင်းရာသီတွင် မြူနှင်းများထူထပ်စွာကျဆင်းမှုကြောင့် ဒေလီလေဆိပ်တွင် လေကြောင်းခရီးစဉ်များနှောင့်နှေးမှုနှင့်ကြုံတွေ့ရသည့်ခရီးသည်များအား စိတ်သက်သာရာရမှုကိုအထောက်အပံ့ဖြစ်စေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို