အိန္ဒိယနိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁ ဦးရှိလာ

ဒီဇင်ဘာ ၆

 

အိန္ဒိယနိုင်ငံတွင် ယမန်နေ့မနက်ပိုင်းက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးဦးရှိရာမှညနေပိုင်းတွင် ၂၁ ဦးအထိရှိလာသည်။

 

ထိုနေ့အတွင်း မဟာရပ်ထရာပြည်နယ် အနောက်တောင်ပိုင်းတွင် ခုနစ်ဦး၊ ရာဂျတ်တန်ပြည်နယ် အနောက်ပိုင်းမြို့တော် ဂျေပါတွင် ကိုးဦး အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသည်။

 

တောင်အာဖရိကမှ ဂျေပါသို့ ရောက်လာသည့် မိသားစုဝင်ကိုးဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသည်ဟု ဒီဇင်ဘာ ၅ ရက်က အတည်ပြုခဲ့သည်။ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ၎င်းတို့ကိုးဦးနှင့်ထိစပ်သူများကို သီးခြားခွဲထားသည်ဟု မီဒီယာတွင် ဖော်ပြထားသည်။

 

ထိုပြည်နယ်တွင် ၃၄ ဦးကိုစမ်းသပ်စစ်ဆေးခဲ့ရာ ၎င်းတို့အနက် ၂၅ ဦး ရောဂါကူးစက်မှုကင်းစင်ကြောင်း ရာဂျတ်တန်ကျန်းမာရေးဦးစီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို