နယူးဒေလီ    ဇွန်    ၂၁

 

ဇွန် ၂၁ ရက်သည်  ကုလသမဂ္ဂက သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ ယောဂနေ့ဖြစ်သည်။ ယောဂစတင်ရာဟု    ခေါ်ဆိုရမည့် အိန္ဒိယနိုင်ငံတွင်   နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူများပါ တစ်နိုင်ငံလုံးအနှံ့ ကျင်းပသည့်  ယောဂနေ့အခမ်းအနားကို ပါဝင်ဆင်နွှဲကြသည်။

 

ရှရီနာဂါမြို့၌ ပြုလုပ်သည့် ယောဂနေ့ အခမ်းအနားတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ သည် ထောင်ပေါင်း များစွာသောဒေသခံများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။ ဇွန် ၂၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ယောဂနေ့အဖြစ် သတ်မှတ် ကြေညာရန် ၂၀၁၄ ခုနှစ်တွင် ၎င်းကအဆိုပြုခဲ့သည်။ ယောဂကို တစ်ကမ္ဘာလုံးဆိုင်ရာကောင်းမွန်သည့် အစွမ်း ထက်မှုတစ်ခုဟု ကမ္ဘာကြီးက ရှုမြင်ကြကြောင်း ယောဂပြုလုပ်ခြင်းဖြင့် အတိတ်မှ ဝန်ထုပ်ဝန်ပိုးများကို မသယ် ဆောင်ဘဲ   လက်ရှိကာလတွင် နေထိုင်နိုင်ရန် ကူညီပေးကြောင်း  ၎င်းကဆက်ပြောသည်။

 

အိန္ဒိယဝန်ကြီးချုပ်   မိုဒီကို ယောဂဝါသနာရှင်အဖြစ် အများကသိထားကြသည်။ ၎င်းသည် အခြားသော ပါဝင်သူများ နှင့်အတူ တရားထိုင်ခြင်းနှင့်  အသက်ရှူလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့သည်။ 

 

အိန္ဒိယပြည်သူများသာမက တစ်ကမ္ဘာလုံးက ပြည်သူများကပါ ယောဂလေ့ကျင့်ခန်းကို ယုံကြည်ကြကြောင်း အပြည်ပြည်ဆိုင်ရာ ယောဂနေ့တွင် ပါဝင်ဆင်နွှဲသူ တစ်ဦးဖြစ်သည့် ရက်ရှ်မီဆင်ဟာက ပြောသည်။  အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကအစပြုခဲ့သည့် ယောဂကို ကျန်းမာရေးအကျိုးကျေးဇူးအဖြစ် မီးမောင်းထိုး ပြခြင်းဖြင့် နယူးဒေလီမြို့သည်  တိုင်းပြည်ပုံရိပ်ကို မြှင့်တင်နေသည်ဟု ယုံကြည်ရသည်။          အင်န်အိတ်ချ်ကေ