ဇွန် ၂၀
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အပူချိန်မြင့်မားမှုကြောင့် ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး အနီးနားရှိ Noida မြို့တွင် လွန်ခဲ့သော ၇၂ နာရီအတွင်း အခြား ၁၄ ဦး သေဆုံးခဲ့ကြောင်းနှင့် အစိုးရအဖွဲ့က အပူချိန်မြင့်မားမှုကြောင့်ဖျားနာသော လူနာများအား ဉီးစားပေးကုသရန် အစိုးရဆေးရုံများသို့ အကြံပြုပြောကြားထားသည်။
ထို့အပြင် အပူချိန်မြင့်မားမှုကြောင့် ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှုခံယူနေသူ ၆၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် အများစုသည် အလုပ်သမားများဖြစ်ပြီး အသက် ၆၅ နှစ်အထက် အရွယ်ရှိသူများ ဖြစ်သည်ဟု သိရသည်။
မြို့တော်ဒေလီနှင့်အနီးနားဒေသများတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပြင်းထန်သောအပူလှိုင်းအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး နေ့ခင်းပိုင်းတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိသည်။
ရာသီဉတုပူပြင်းမှုကြောင့် ဒေလီမြို့ရှိ အင်ဒရာဂန္ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပျံသန်းမှုခရီးစဉ်များ ဆိုးရွားစွာထိခိုက်ခဲ့သည်ဟု ပုဂ္ဂလိကသတင်းအေဂျင်စီ အေအင်န်အိုင်က ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို