ဇွန် ၃

အိန္ဒိယနိုင်ငံရှိ ဒေသများတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက်ရှိပြီး အပူချိန်မြင့်မားမှုကြောင့် မေလအတွင်း လူပေါင်း ၄၆ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု မီဒီယာကဖော်ပြထားသည်။

အနောက်ပိုင်း ရတ်ဂျတ်စ်သန်ပြည်နယ်တွင် မေလ ၂၈ ရက်က အပူချိန် ၅၀ ဒသမ ၅ ဒီဂရီအထိ ရောက်ရှိခဲ့သည်ဟု မိုးလေဝသအာဏာပိုင်များကဆိုသည်။ အပူဒဏ်ကြောင့် ဆေးရုံတက်ကုသမှုခံယူသူများရှိကြောင်း ဒေသမီဒီယာက ဖော်ပြထားသည်။

ဧပြီလ ၁၉ ရက်နေ့ကစတင်ကာ နိုင်ငံတစ်ဝန်းတွင်ကျင်းပသောအထွေထွေရွေးကောက်ပွဲအတွက် စေလွှတ်ထားသော ဝန်ထမ်းများ အပူဒဏ်နှင့်ဆက်စပ်ပြီး သေဆုံးမှုများ ရှိကြောင်းကိုလည်း ထိုမီဒီယာက ဖော်ပြထားသည်။

နိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ဇွန် ၁ ရက်နေ့က အပူဒဏ်ကြောင့်  မဲရုံတာဝန်ရှိသူ ၃၃ ဦး သေဆုံးသည်ဟု ယူဆရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို