ဇွန်၂၁

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသတို့တွင် အပူချိန်မြင့်မားမှုကြောင့် သေဆုံးသူပေါင်း ၁၀၀ ကျော် ရှိလာသည်ဟု မီဒီယာက ဖော်ပြထားသည်။

 

နိုင်ငံ၏အရှေ့ပိုင်းပြည်နယ်များဖြစ်သော ဩဒိသျှနှင့် ဂျတ်ခ်ဟန်တို့တွင် ဇွန်လ ၁၉ ရက်က နေ့အပူချိန်သည်  ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်ဟု မိုးလေဝသအာဏာပိုင်တို့က ဆိုသည်။

 

မြောက်ပိုင်းဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် အပူချိန် ၄၀ ဒီဂရီမြင့်တက်ခဲ့ရာ အပူလျှပ်မှုနှင့် အခြားအကြောင်းအရာများကြောင့် ဆေးရုံတက်ကုသမှုခံယူသူဦးရေ ၄၀၀ ကျော်ရှိပြီး ၆၈ ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုဖော်ပြထားသည်။

 

အရှေ့ပိုင်းဘီဟာပြည်နယ်တွင် အပူချိန်မြင့်မားမှုကြောင့် ၄၅ ဦးသေဆုံးခဲ့သည်။ ကျန်းမာရေးဝန်ကြီးက ရာသီဥတုပြင်းထန်မှု ကာကွယ်ရေးဆိုင်ရာ စီမံချက်များနှင့်ပတ်သက်ပြီး ယမန်နေ့က အရေးပေါ်အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

 

မိုးရာသီသည်ပုံမှန်ထက်ပိုမိုနောက်ကျသဖြင့် အပူချိန်ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင်များက ကြိုတင်ခန့်မှန်းထားသည်။

 

အာဏာပိုင်များက နေ့ပိုင်းအချိန်အတွင်း ပြည်သူများအနေဖြင့် နေအိမ်အတွင်းမှာပင်နေထိုင်ကြရန် တိုက်တွန်း ပြောကြားထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို