အိန္ဒိယနိုင်ငံ၌ အပူလှိုင်းများဆက်လက်မြင့်တက်ဖွယ်ရှိ

ဧပြီ ၂၄

အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းအိန္ဒိယကျွန်းဆွယ်ဒေသများတွင် လာမည့်ငါးရက်အတွင်း အပူလှိုင်းများဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ယမန်နေ့က သတိပေးပြောကြားသည်။ အိန္ဒိယနိုင်ငံ၏ရာသီဥတုပြောင်းလဲမှုနှင့် လူသားကျန်းမာရေးဆိုင်ရာ အမျိုးသားအစီအစဉ်က လူထုကျန်းမာရေး အကြံပေးချက်တစ်ခုတွင် ကိုယ်ကာယအားစိုက်လုပ်ဆောင်ရခြင်း၊ နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းနှင့် အပူလွန်ကဲနေစဉ်အတွင်းလူများစုဝေးနေခြင်းတို့၏အန္တရာယ်များကို အလေးပေးဖော်ပြခဲ့ပြီး အပူကြောင့်ဖျားနာမှုများ လျော့ပါးစေရန် ရေနှင့်အရိပ်ရရှိမှု၏အရေးပါမှုကို အလေးထားဖော်ပြခဲ့သည်။ လွန်ခဲ့သောသီတင်းပတ်က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်တွင် နေပူဒဏ်ကြောင့် သေဆုံးမှုနှင့် အပူကြောင့် ဖျားနာသူ ၇၁ ဦး ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို