နယူးဒေလီ အောက်တိုဘာ ၂၀
အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသရှိ ကေဒါရ်နတ်သို့ ဘုရားဖူးများ တင်ဆောင်လာသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ခုနစ်ဦး သေဆုံးကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရဟတ်ယာဉ်မှာ အောက်တိုဘာ ၁၈ ရက်က အိန္ဒိယနိုင်ငံ ဥတ္တရာခန်းပြည်နယ်၌ ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူး အပါအဝင် ရဟတ်ယာဉ်ပေါ်ပါ ဘုရားဖူးခြောက်ဦးစလုံး သေဆုံးခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့က ပြောသည်။
ရဟတ်ယာဉ် ပျက်ကျရခြင်း အကြောင်းရင်းကို အတိအကျ မသိရှိရသေးကြောင်းနှင့် ရာသီဥတုဆိုးရွားမှုက ထိုကဲ့သို့ ပျက်ကျ ရခြင်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။ ကေဒါရ်နတ်သည် ဘုရာဖူးများ အဓိကလာရောက်သည့် နေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ဆောင်းရာသီတွင် ပိတ်သောကြောင့် ဘုရားဖူးအများစုမှာ ယခုနှစ်ဘုရားဖူး ခွင့်ပြုစဉ်အတွင်း ကေဒါရ်နတ်ရှိ ဟိန္ဒူဘုရားကျောင်းသို့ လာရောက်လည်ပတ်ကြကြောင်း သိရသည်။
အဆိုပါနေရာသည် မြင့်မားသော တောင်တန်းများကြားတွင် တည်ရှိပြီး ခရီးသည်အများစုမှာ မကြာသေးမီက ထိုနေရာသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ကြကြောင်းလည်း သိရသည်။
အင်န်အိတ်ချ်ကေ