နယူးဒေလီ  စက်တင်ဘာ  ၁

 

အာဏာပိုင်များသည် တနင်္ဂနွေနေ့တွင် ဗုံးလှန့်မှုဖြစ်ပွားပြီးနောက်  ပြည်တွင်း လေကြောင်းလိုင်း တစ်ခုကို  အိန္ဒိယနိုင်ငံအနောက်ပိုင်း မာဟာရာရှ်ထရာ  ပြည်နယ်ရှိ လေဆိပ်တစ်ခုသို့ လမ်းကြောင်း ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

 

လေယာဉ်အတွင်း ဗုံးခြိမ်းခြောက်ခံရသည့် သတင်းပို့မှုတစ်ခု တွေ့ရှိပြီးနောက် မက်ဒရာပရာ ဒက်ရှ်ပြည်နယ်  ဂျာဘူးလ်ပေါ လေဆိပ်မှ တေလံဂါနာပြည်နယ် ဟိုင်းဒါရာဘတ် လေဆိပ်သို့ ဦးတည်ပျံသန်းလာသော IndiGo လေယာဉ်သည် မဟာရာရှ်ထရာ ပြည်နယ်ရှိ နတ်ဂ်ပေါလေဆိပ်သို့ လမ်းကြောင်းပြောင်းခဲ့ရခြင်း ဖြစ်သည်။

 

လေယာဉ် တစ်စင်းလုံးကို အလုံးစုံစစ်ဆေးနိုင်ရန်အတွက် ခရီးသည်အားလုံးနှင့် လေယာဉ် အမှုထမ်းများကို လေယာဉ်ပေါ်မှ ဆင်းစေခဲ့ကြောင်းသိရသည်။ သို့သော်လည်း အမြန်တုံ့ပြန်ရေး အဖွဲ့သည် လေယာဉ်အတွင်း၌ သံသယဖြစ်ဖွယ် မည်သည့်တစ်စုံ တစ်ရာကိုမှ မတွေ့ရှိခဲ့ပေ။

 

အိန္ဒိယနိုင်ငံတွင် ဒေလီအပါအဝင် စာသင်ကျောင်းများ၊ လေဆိပ်များ၊ စျေးဝယ်စင်တာများနှင့် ဆေးရုံများ စသည်တို့ကို ပေးပို့သည့် လိမ်လည်ခြိမ်းခြောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အနက် ယင်းဖြစ်ရပ်မှာ နောက်ဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

 

ဆင်ဟွာ