နိုဝင်ဘာ ၁၆

 

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဆောက်လုပ်ဆဲဥမင်လိုဏ်ခေါင်းတစ်စိတ်တစ်ပိုင်းပြိုကျမှုကြောင့် ဆောက်လုပ်ရေးလုပ်သား ၄၀ ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများက ၎င်းတို့ကိုအပြင်သို့ကယ်ထုတ်ရန်ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

 

အဆိုပါဉမင်လိုဏ်ခေါင်းသည် ဥတ္တရာခန်ပြည်နယ်တွင်ရှိပြီး နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကယ်ဆယ်ရေးသမားများက လိုဏ်ခေါင်းပြိုကျအစိတ်အပိုင်းများကိုဖယ်ရှားရန် စက်ကြီးများအသုံးပြုလျက်ရှိပြီး အသံဖမ်းစက်ဖြင့် လိုဏ်ခေါင်းအတွင်း ပိတ်မိနေသော ဆောက်လုပ်ရေးလုပ်သားများနှင့်ဆက်သွယ်မှုရရှိခဲ့ရာ ၎င်းတို့အားလုံး ဘေးကင်းလုံခြုံမှုရှိသည်ဟု ဆိုသည်။

 

ပိတ်မိနေသော ဆောက်လုပ်ရေးလုပ်သားများ၏ လုပ်ဖော်ကိုင်ဖက်များက ထိုမတော်တဆမှုဖြစ်ပွားခြင်းသည် ဘေးကင်း လုံခြုံမှုဆိုင်ရာအစီအမံများ လျော့ရဲမှုကြောင့် ဖြစ်ကြောင်းပြောကြားသည်။

 

ဒေသတွင်းအာဏာပိုင်များက ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းကို မြေတူးစက်ကြီးများအသုံးပြုကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို