ဇန်နဝါရီ ၁
အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မာဟာရတ်ထရာပြည်နယ်ရှိ စက်ရုံတစ်ခုအတွင်း ဒီဇင်ဘာ ၃၀ ရက် မနက်စော ၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
အဆိုပါမီးလောင်မှုသည် မာဟာရတ်ထရာပြည်နယ် Chhatrapati Sambhajinagar ခရိုင်ရှိ လက်အိတ်ထုတ်လုပ်သောစက်ရုံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် မီးလောင်မှုဖြစ်ပွားချိန်တွင် ၎င်းစက်ရုံအတွင်း အိပ်ပျော်နေသူများဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ မသိရှိရသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို