အောက်တိုဘာ   ၄

အိန္ဒိယနိုင်ငံရှိ အစိုးရပိုင်ကာယပညာကျောင်းမှကျောင်းသား ၁၀၀ ကျော်သည် အစာအဆိပ်သင့်မှု ဖြစ်ပွားသောကြောင့် နေထိုင်မကောင်းဖြစ်နေကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။ အစာအဆိပ်သင့်သောကျောင်းသား ၁၀၀ ကျော်အား နိုင်ငံအလယ်ပိုင်းမဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ဆေးရုံ တစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါအစာအဆိပ်သင့်မှုသည် မဒရာပရာဒေ့ရှ်မြို့တော် ဘိုပါလ်၏မြောက်ဘက် ၄၃၂ ကီလိုမီတာအကွာ ဂါလီအာရှိ Lakshmibai အမျိုးသားကာယပညာကျောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကျောင်းသားများသည် အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား အရွယ်များဖြစ်ကာ မအီမသာဖြစ်ခြင်း၊ ဗိုက်နာခြင်းနှင့် အော့အန်ခြင်းဝေဒနာများခံစားရသဖြင့် အစိုးရပိုင်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေး ခဲ့သည်ဟု သိရသည်။

အစာအဆိပ်သင့်ကျောင်းသားများအနက်တစ်ဦးသာလျှင် အခြေအနေဆိုးရွားသဖြင့် အသက်ရှူ အထောက်အကူပြု ကိရိယာအသုံးပြုရပြီး ကျန်ရှိနေသောကျောင်းသားများသည် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာမရှိကြောင်း ထိုဆေးရုံ၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့က အစာအဆိပ်သင့်ဖြစ်မှုနှင့်ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို