နိုဝင်ဘာ ၁၆
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်း၏ ရထားတွဲလေးတွဲ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါမတော်တဆမှုသည် ဥတ္တရာပရာဒေ့ရှ်ရှိ အီတာဝက်ရှ်ခရိုင်အနီး ဘီဟာပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Sarai Bhopat ဘူတာရုံအနီး New Delhi-Darbhanga ရထားလမ်းပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရထားတွဲသုံးတွဲ လုံးဝ မီးလောင်ပျက်စီးသွားကြောင်းနှင့် အထုပ်အပိုးတင်ရထားတွဲတစ်တွဲ တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုမတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့သူရှစ်ဦးအား ခရိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ထိုဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။
ရဲတပ်ဖွဲ့က ရထားတွဲမီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို